Events
The Industry Expo 2025 ပြပွဲ ကျင်းပမည်
Updated At: 2025-05-22 15:22:43
သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ရှိ BMICH ၌ သီရိလင်္ကာနိုင်ငံ၏ စက်မှုနှင့်စွန့်ဦးတီထွင်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးဘုတ်အဖွဲ့ (Industrial Development Board-IDB) တို့က ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ The Industry Expo 2025 ပြပွဲ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါပြပွဲကို ဒေသတွင်းနှင့် နိုင်ငံတကာမှ စက်မှုလုပ်ငန်းရှင်များအကြား ပူးပေါင်းဆောင်ရွက်နိုင်မည့်အခြေအနေတစ်ခုကို ဖန်တီးရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ပြပွဲတွင် ပါဝင်ပြသသူ ၄၀၀ ကျော်ရှိမည်ဖြစ်ပြီး မြန်မာနိုင်ငံမှ စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းရှင်အသင်းအဖွဲ့များ၊ အဖွဲ့အစည်းများအနေဖြင့် ပါဝင်ပြသနိုင်ကြောင်းနှင့် ပါဝင်ပြသလိုသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ၊ ဖုန်း-၀၆၇-၄၀၈၆၂၃၊ email: [email protected] သို့ ဆက်သွယ်စုံစမ်းစာရင်းပေးသွင်းနိုင်ပါကြောင်း သတင်းရရှိသည်။
More Events
အက်ခ်မက်အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ
Date: 25th February 2026
အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၆-၂၀၃၀) အကောင်အထည်ဖော်ရေး ညှိနှိုင်းအစည်းအဝေး
Date: 3rd, February 2026